
VLCA Upload
After MGMA VLCA Submission, you will upload your necessary and relevant documentations via a Google Form linked to the button below.
VLCA UploadPrint the list
Documents list to upload:
- နောက်ဆုံးအလုပ်ခန့်ခဲ့သော အလုပ်သမား ၃ ဦး၏ CV From များနှင့် ၎င်းတို့အား လက်မှတ်ထိုးခိုင်းခဲ့သော "အလုပ်သမားသစ်များ လိုက်နာရန် စည်းကမ်းများ" သို့မဟုတ် "ဝန်ခံကတိပြုချက်" သို့မဟုတ် ထိုသို့သဘောသက်ရောက်သော စာရွက်။
- နောက်ဆုံးချုပ်ဆိုခဲ့သော EC စာချုပ်သုံးခု၏ အလုပ်ရှင်၊ အလုပ်သမားနှင့် သက်သေများ လက်မှတ်ထိုးထားသော စာမျက်နှာနှင့် သက်ဆိုင်ရာအစိုးရအရာရှိ၏ အတည်ပြုလက်မှတ်ပါရှိသော စာမျက်နှာများ။
- နောက်ဆုံးရယူခဲ့သော အချိန်ပိုခွင့်ပြုချက်စာနှင့် ပူးတွဲပါ အလုပ်ချိန်ဇယားစာရွက်။ နောက်ဆုံးရယူခဲ့သော ရက်သတ္တပတ်အလုပ်ပိတ်ရက် သို့မဟုတ် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ခွင့်ပြုခြင်းစာ၊ ၎င်းအတွက် လျှောက်လွှာနှင့် ဝန်ခံကတိပြုချက်စာ။ (အလုပ်သမားများ၏ လက်မှတ်များပါ စာရွက်များ မလိုပါ။)
- နောက်ဆုံးထုတ်ပေးခဲ့သော လစာစာရင်းမှ စက်ချုပ်လိုင်းအားလုံးနှင့် အခြားဌာနများအားလုံးအတွက် စာမျက်နှာပြည့်ပါဝင်သော လစာစာရင်း (Salary Table) စာမျက်နှာနှစ်မျက်နှာစီ။
- သက်ဆိုင်ရာအစိုးရာဌာနသို့ နောက်ဆုံးပို့ခဲ့သော ခွင့်ခံစားမှုမှတ်တမ်း (အားလုံး) နှင့် ယင်းလအတွင်း အလုပ်သမားများ ခွင့်တိုင်ကြားခဲ့သော ခွင့်ပုံစံများ (၃ ရွက်မှ ၅ ရွက်သာ) နှင့် နောက်ဆုံးထုတ်ပေးခဲ့သော လုပ်သက်ခွင့်အတွက် ငွေကြေးခံစားခွင့်မှတ်တမ်း။
- အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းမှုမှတ်တမ်းနှင့် သက်ဆိုင်ရာ အစိုးရဌာနသို့ ပေးပို့ခဲ့သော ကော်မတီဝင်အမည်စာရင်း။
- မီးသတ်ဆေးဗူး၊ အရေးပေါ်ထွက်ပေါက်၊ Electrical Panel Box ၊ FirstAid Box ၊ ဆေးခန်း၊ ထမင်းစားဆောင် (နေရာ)၊ လုပ်ငန်းခွင်အတွင်း လျှောက်လမ်း၊ အိမ်သာ၊ Suggestion Box ၊ Assembly Point ၊ Evacuation Map ၊ Boiler ၊ Generator စသည်တို့၏ ဓါတ်ပုံများ။
- အခြားဖော်ပြလိုသော စာရွက်စာတမ်းများ။
* ဖိုင်များကို Upload တင်ရာတွင် စာရွက်စာတမ်းများကို PDF ဖိုင်အနေဖြင့် scan ဖတ်ပါ။ စာမျက်နှာများစွာပါသော PDF ဖိုင်တစ်ခုတည်းဖြစ်အောင်ဖတ်ပါ။ သို့မဟုတ် PDF ဖိုင်များကို ပေါင်းပါ။ ဓါတ်ပုံဖိုင်များကို ဓါတ်ပုံအတိုင်းထားပါ။ အားလုံးကို Folder တစ်ခုအတွင်းစုထည့်ပါ။ Folder ကို Right Click နှိပ်ပါ။ Send to ⇒ Compress (Zipped) Folder ကိုနှိပ်ပါ။ ပြီးမှ ရလာသော Zip ဖိုင်ကို Upload တင်ပေးပါ။ Zip ဖိုင်တစ်ခုချင်းစီ၏ file size ကို 1GB အထိလက်ခံပါသည်။ 1GB ထက်ပိုပါက Folder နှစ်ခုခွဲ၍ Zip ဖိုင်နှစ်ခုဖြစ်အောင်လုပ်ပါ။